What is different between an Input Devices and Output Devices?

 

What is different between an Input Devices and Output Devices?

Input Devices ဆိုတာ information(သတင်းအချက်အလက်) တွေကို Computer စနစ်ဆီကိုပို့ပေးခြင်းနဲ့ Output Devices ဆိုတာပို့ပေးတဲ့သတင်းအချက်အလက်များကိုပြန်လည်ဖော်ပြပေးခြင်းကိုခေါ်တယ်။Input Devices ကတော့ Computerတစ်ခုတည်းကသတင်းအချက်အလက်ပေးပို့ခွင့်ကိုခွင့်ပြုပြီးတော့ Output Devices ကတော့တစ်ခြားသတင်းအချက်အလက်တွေပေးပို့ခြင်းကိုပဲလက်ခံတယ်။
Input Devices တွေမှာဘာတွေပါလဲ Keyboard တွေ Mouse တွေ Microphone တွေ Webcam တွေစသဖြင့်ပေါ့။ Keyboard နဲ့ Mouse ဆိုရင် ကျွန်တော်တို့အသုံးပြုတဲ့လူဆီကနေ Data သတင်းအချက်အလက်တွေကိုလက်ခံပြီးတော့ Computer ဆီပို့ပေးတယ်ပြောရရင် Keyboard က A ကိုရိုက်လိုက်တယ်ဆိုပါဆိုရိုက်လိုက်တာက User ဆီက Data ကို keyboard ကလက်ခံတယ်အဲ့သဘောပေါ့။Keyboard ကရိုက်လိုက်တဲ့ A ကို Keyboard ဆီမှာပြန်မပေါ်ဘူးအဲ့ဒါကြောင့် input devices တွေက Computer ဆီပဲသတင်းတွေပို့ပေးတာ Computer ဆီက သတင်းအချက်အလက်တွေကိုတော့ပြန်လက်မခံဘူးအဲ့လိုပေါ့ဗျာ။Microphone ဆိုလည်းပြောလိုက်တဲ့အသံကိုပဲလက်ခံတာ Mic ကနေအသံပြန်မထွက်ပေးဘူးWebcamလည်းအဲ့သဘောတရားပဲပေါ့အဲ့ဒါကြောင့်သူတို့က Input Devices တွေခေါ်ကြတာ။
Output Devices တွေကတော့ Monitor တွေ Projector တွေ Speaker တွေအများကြီးကျန်သေးတယ်လောလောဆယ်တော့ဒီလောက်ပဲဖော်ပြပေးတော့မယ်။Keyboard ကရိုက်လိုက်တဲ့ A ကို Keyboard မှာမဖော်ပြပေးတော့ဘယ်မှာပြလဲ Monitor မှာပြပေးတယ်အဲ့ဒီ Monitor က Output Devices ပဲKeyboard ကရိုက်တဲ့စာကို Computer ကလက်ခံတယ် Computer ကပြန်ပေးတဲ့ Data ကို Monitor ကပြန်လက်ခံတယ်ပြီးတော့ရုပ်ပုံအဖြစ်နဲ့ Monitor ပေါ်မှာ A ဆိုပြီးပြတယ်သဘောပေါက်ကျမယ်ထင်ပါတယ်။နောက်နေ့မှ Topic အသစ်တစ်ခုတင်ပေးပါ့မယ်။
Input Devices


Output Devices



Comments