Computer တစ်လုံးမှာဘယ်ပစ္စည်းတွေဘယ်လိုအရာတွေပါဝင်နေလဲ?သူတို့အကြောင်းတစေ့တစောင်း

 Computer တစ်လုံးမှာဘယ်ပစ္စည်းတွေဘယ်လိုအရာတွေပါဝင်နေလဲ?သူတို့အကြောင်းတစေ့တစောင်း

ကျွန်တော်နေ့စဉ်ဓူ၀အသုံးပြုနေတဲ့ Desktop System Unit မှာဘာတွေနဲ့ဖွဲ့စည်းထားလဲအခြေခံအားဖြင့်လိုအပ်တဲ့ပစ္စည်းတွေကဘာတွေလဲ?
1- Case (PC Casing)
2-Power Supply (PSU)
3-Motherboard (Mainboard လို့လည်းခေါ်တယ်)
4-CPU Processor
5-RAM Memory (RAM Stick)
6-Graphic (Video Card)
7-CD/DVD/Blu-Ray Drive
8-Hard Disk Drive
9-Monitor
10-Keyboard and Mouse
11- Power Cable,Swich,Power Adapter ပါဝင်ပါတယ်။
Case(PC Case)
Pc Case တွေကထွေထွေထူးထူးသိစရာမလိုပါဘူးကျွန်တော်တို့လက်ရှိမြင်နေရတဲ့ Desktop မှာပါတဲ့ အပြင်အခွံကိုပြောတာဖြစ်ပါတယ်။Gaming PC Case တွေကတော့ပုံစံဆန်းဆန်းပြားပြားနဲ့ဒီဇိုင်းမျိုးစုံရှိပါတယ်။
Power Supply (PSU)
Power Supply Unit ရဲ့လုပ်ဆောင်ချက်ကတော့ Motherboard နဲ့ AC ကြားConnect လုပ်ပေးတဲ့ပစ္စည်းဖြစ်ပါတယ်။လွယ်လွယ်ပြောရရင်Power ထုတ်ကေးတဲ့ကောင်ပေါ့။Power Supply တစ်လုံးကိုဝယ်ယူမယ်ဆိုရင်ကိုယ်သုံးမဲ့ PC အတွက် Wattage လုံလောက်မှုရှိတဲ့ Power Supply တွေရွေးချယ်ရပါ့မယ်။ဥပမာပြောရရင် ကို့ PC က 550 watts လောက်နဲ့ Run လို့ရတယ်ဆိုပေမဲ့ နောက်ထက်ကိုက Hard Drive တွေ Optical Device တွေထက်တို့ဦးမယ်ဆိုရင် 650 or 700 watts ကိုရွေးချယ်ရမယ်။ Graphic Card မစိုက်ထားတဲ့ PC တစ်လုံးဟာအနည်းဆုံး 160 watts ကနေ 220 watts အထိရှိပေမဲ့ 19-inches LCD တပ်ထားတဲ့ Desktop ဆိုရင် Boot လုပ်တဲ့အချိန်မှာ 200 watts အထိ Power သုံးတယ်။
Motherboard (Mainboard)
Motherboard ဆိုတာသူကြီးပဲသက်သက်သုံးလို့တော့မရဘူး။သူရဲ့အဓိကလုပ်ဆောင်ချက်ကတော့ Microprocessorတွေ RAM တွေ Hard Diskတွေ Graphic Card တွေနဲ့တစ်ခြားပစ္စည်းတွေကို ပေါင်းပြီး Operate လုပ်ပေးရတာပါ။
CPU processor
CPU ရဲ့အရှည်ကောက်က Central Processor Unit လို့ခေါ်တယ်။တစ်ချို့ကတော့သူ့ကို Head of the Computer ကှနျပြူတာတစျလုံးရဲ့ဦးနှောကျလျို့လည်းသုံးကြတယ်။သူ့အကြောင်းကိုတော့နောက်ခေါင်းစဉ်တစ်ခုနဲ့သူ့ Generation တွေအကြောင်းတွေကအစသေချာပြန်ရှင်းပြပေးပါ့မယ်။
RAM Memory(RAM Stick)
RAM ဆိုတာဘာလဲ?သူရဲ့အရှည်ကောက်က Random Access Memory လိုခေါ်တယ်။RAM ရဲ့လုပ်ဆောင်ချက်က Computer Run နေစဉ်မှာ ခဏတာ Save လုပ်ပေးတဲ့ Deviceပေါ့။သူအကြောင်းနောက်ခေါင်းစဉ်တစ်ခုနဲ့အကျယ်ပြန်ရှင်းပြပါ့မယ်။
Graphic Video Card
Graphic Card or VGA Card ကတော့မရှိမဖြစ်လိုအပ်တဲ့ Device တစ်ခုလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Monitor နဲ့ System Unit ခြားချက်သွယ်ပြီး System Unit ကပြချင်တဲ့အချက်အလက်တွေကိုမော်နီတာပေါ်မှာပုံဖော်ပေးပါတယ်။Motherboard ပေါ်မှာလည်း On board Graphic or Build-in VGA ကိုထည့်ပေးထားပါတယ်။သင်ဟာ Gamer, Video editor, Designer, Engineer မဟုတ်တဲ့သူဆိုရင် On board Graphic Card နဲ့အဆင်ပြေပါတယ်။Resolution ကောင်းကောင်းနဲ့ Movie ကြည့်မယ် Game ဆော့မယ် Desgin တွေဆွဲမယ်ဆိုရင်တော့ Graphic Card ကတော့မဖြစ်မနေတပ်ဆင်သင့်တဲ့ Device ဖြစ်ပါတယ်။
CD/DVD/Blu-Ray drives (Optical Drive)
CD/DVD Drives တွေရဲ့လုပ်ဆောင်ချက်ကတော့ CDs တွေ DVDs တွေကို Read လုပ်မယ် ပြီးရင် Burn လုပ်နိုင်တဲ့ Device ဖြစ်ပါတယ်။
Hard Disk Drive
Hard Disk ရဲ့အဓိကသူ့လုပ်ဆောင်ချက်ကတော့ Data တွေကို Perment Store လုပ်တာသူက RAM နဲ့ Process နဲ့တူပေမဲ့ RAM က ယာယီသာ Store လုပ်နိုင်ပြီးတော့ Hard Disk ကတော့ Data တွေကိုနေရာပေးပြီးသိမ်းနိုင်တဲ့ Device တစ်ခုဖြစ်ပါတယ်။
Monitor
Monitor ဆိုတာကတော့ ကျွန်တော်ရှေ့မှာမြင်နေရတဲ့ Screen ကြီးကိုခေါ်တာဖြစ်ပါတယ်။သူမှာတော့ စာရေးသူတို့အရင်ခေတ်ကတော့ CRT Monitor ကြီးတွေနဲ့စတင်သိကျွမ်းခဲ့ရတာပါ။အခုခေတ်မှာတော့ LCD များသာတွေ့နိုင်ပါတော့တယ်။
Keyboard and Mouse
Keyboard ကတော့ကျွန်တော်ရှေ့မှာရှိတဲ့ စာရိုက်နေတဲ့အရာကို Keyboard လို့ခေါ်ပါတယ်။Mouse ကတော့ Monitor Screen ပေါ်မှာ Pointer ကမှတစ်ဆင့်ခိုင်းစေဖို့ Controller ဖြစ်ပါတယ်။
နောက်နေ့မှာကျွန်တော် CPU အကြောင်းနဲ့ Motherboard အကြောင်းကိုအကျယ်တဝင့်ပြန်ရှင်းပြပေးပါမယ်။
အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



CD/DVD Drive


Motherboard


CPU


System Box


Monitor


RAM




Graphic Card

Power Supply


Hard Disk


Comments

Popular Posts